၅မျိုးပါခေါက်စားပွဲ - WHE0179 – Welcome Home Essential
၅မျိုးပါခေါက်စားပွဲ - WHE0179
၅မျိုးပါခေါက်စားပွဲ - WHE0179

၅မျိုးပါခေါက်စားပွဲ - WHE0179

Regular price
54,500Kyat
Sale price
54,500Kyat
Regular price
Sold out
Unit price
per 

ABOUT PRODUCT

ဒီလက်တော့ပ်တင်ခုံလေးက လက်တော့ပ်တင်မကဘဲ ကိုယ့်ရဲ့ Tablet တွေ၊ ဖုန်းတွေနဲ့ နောက်ဆုံး စာအုပ်တွေထိပါ တင်လို့ရပြီးတော့ USB အပေါက်(၃)ခုပါတဲ့ USB လက်တော့ပ်တင်ခုံလေးပဲ ဖြစ်ပါတယ်။

ဒီ USB လက်တော့ပ်တင်ခုံလေးက တော်ရုံလက်တော့ပ်တင်ခုံတွေမှာ မပါတဲ့ ထူးခြားချက်တွေ ပါဝင်ပါတယ်။ ပန်ကာ၊ မီးနဲ့ ဖုန်းအားသွင်းဖို့အတွက် USB အပေါက်(၃)ပေါက် ပါဝင်ပြီး အံဆွဲတစ်ခုပါပါဝင်လို့ ထိုင်ရာမထ အလုပ်လုပ်ချင်သူတွေအတွက် ကွက်တိပါပဲ။ မျက်နှာပြင်ပေါ်မှာ လက်ပ်တော့ ၊ စာအုပ် ၊ တက်ဘလက်တွေပြုတ်မကျအောင်ထိန်းပေးတဲ့ အထိန်းနှစ်ခုပါတယ်။ အနိမ့်အမြင့်နဲ့ ထောင့်ကိုလည်း ကြိုက်သလို ချိန်ညှိလို့ရတယ်။

ဘာလို့ဝယ်သင့်လဲ

✅USB အပေါက်(၃)ခုပါလို့ အလုပ်လုပ်နေရင်းနဲ့ ပူလာရင် ပန်ကာအသေးလေး ဖွင့်လို့ရမယ်။ မှောင်နေရင် မီးတိုင်လေး ထွန်းလို့ရမယ်။ ကိုယ့်ရဲ့ဖုန်းကိုလည်း လွယ်လွယ်ကူကူ အားသွင်းထားလို့ရမယ်။

✅ခုံရဲ့ မျက်နှာပြင်မှာ အကန့်(၂)ခုပါပြီးတော့ တစ်ကန့်မှာ လက်တော့ပ်အထိန်း၊ နောက်တစ်ကန့်မှာ စာအုပ်၊ ဖုန်း၊ Tablet ကြိုက်တဲ့ဟာကို ထည့်ထားလို့ရတော့ ကျောင်းသားတွေ၊ အလုပ်လုပ်တဲ့ သူတွေအတွက် အဆင်ပြေတာပေါ့။

✅ဘယ်ဖက်အပေါ်ထောင့်မှာ အံဆွဲတစ်ခု ထပ်ပါလို့ ကိုယ့်ရဲ့ စာရေးကိရိယာတွေ၊ အသုံးလိုမယ့်ပစ္စည်းတွေကို တကူးတက ထရှာစရာမလိုအောင် ထည့်သိမ်းထားလို့ရတယ်လေ။

✅ခုံရဲ့ အမြင့်နဲ့ ထောင့်ကို ချိန်ညှိလို့ရလို့ရ တယ်။

✅ခုံရဲ့ ခြေထောက်ဒီဇိုင်းက ခိုင်ခံပြီး ရွှေ့ရလွယ်အောင် လုပ်ထားတယ်။

✅ခုံကကျယ်ဝန်းပြီး လက်တော့ပ်နဲ့ Tablet အပြင် အခြားကိုယ်လိုတဲ့ ပစ္စည်းတွေကိုပါ တင်ထားလို့ရတယ်

✅ဒီခုံလေးက ခေါက်လို့ သိမ်းလို့ရပြီး ပေါ့ပါးလို့ သိမ်းရဆည်းရတာ နေရာမယူဘူးပေါ့။

ဘယ်သူတွေဝယ်သုံးသင့်လဲ

အိမ်ကနေ ရုံးတက်တဲ့သူတွေ၊ အွန်လိုင်းကနေ ကျောင်းတက်တဲ့သူတွေ၊ လက်တော့ပ်နဲ့ အိပ်ယာထဲရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့သူတွေ ဝယ်ဆောင်ထားသင့်ပါတယ်။

Product Specification:

Product Name

USB Laptop တင်ခုံ

Product Material
Aluminum Alloy
Special Feature USB ပေါက် (3) ခုပါလို့ တစ်ပြိုင်တည်း ပန်ကာဖွင့် ၊ မီးထွန်း ၊ ဖုန်းအားသွင်းလို့ရတယ်။
လက်တော့ပ် ၊ ဖုန်း ၊ Tablet ၊ စာအုပ် ကြိုက်တာကို တင်လို့ရတယ်။ ခုံရဲ့ အမြင့်နဲ့ထောင့်ကို လိုသလို ချိန်ညှိလို့ရတယ်။
Recommended uses for products Living Room, Home Office
Shape Rectangular
Package Weight 2.8 Kilograms
Made Grade A China Made
Suggested Users အိမ်မှာနေရင်း ရုံးတက်နေရတဲ့သူတွေ၊ အွန်လိုင်းကနေ စာသင်တဲ့သူတွေ၊ Laptop နဲ့ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့သူတွေ
Specific info  မျက်နှာပြင်ကို ရေပြင်ညီကနေ ( 36 ) ဒီဂရီထိ စောင်းလို့ရတယ်။ ဘေးဘက်အံဆွဲက ( ၆ ) လက်မကျော်ရှိလို့ စာရေးကိရိယာတွေ သိမ်းလို့ရတယ်။

 မေးလေ့ရှိသောမေးခွန်းအတွက်အဖြေများ

မေး : ဘာသားနဲ့ လုပ်ထားလဲ။
ဖြေ : အရည်အသွေးမြင့် ကြိတ်သားနဲ့ ပြုလုပ်ထားလို့ အပူအအေးဒဏ်ကို ကောင်းကောင်းခံနိုင်တယ်။

မေး : အရွယ်အစား ဘယ်လောက်ရှိလဲ။
ဖြေ : အလျား (2) ပေ ၊ အနံ (16) လက်မ နဲ့ အမြင့်ကို (11) လက်မကနေ (16) လက်မအထိ ချိန်ညှိလို့ရတယ်။

မေး : အမြင့်ကို ဘယ်လောက်ထိ ချိန်ညှိလို့ရလဲ။
ဖြေ : အမြင့်ကို (11) လက်မကနေ (16) လက်မအထိ ချိန်ညှိလို့ရတယ်။

မေး : ဘယ်လောက်ထိ မျက်နှာပြင်ကို စောင်းလို့ရလဲ။
ဖြေ : မျက်နှာပြင်ကို ရေပြင်ညီကနေ (35) ဒီဂရီအထိ စောင်းလို့ရတယ်။

မေး : အလေးချိန် ဘယ်လောက်ထိ တင်လို့ရလဲ။
ဖြေ : အလေးချိန် ပေါင် (80) အထိ ခံနိုင်ရည် ရှိတယ်။

မေး : လက်ပ်တော့ ဆိုဒ်အကြီးဆုံး ဘယ်လောက်ထိ ထိန်းပေးနိုင်လဲ။
ဖြေ : လက်တော့ပ်အထိန်းက (17) လက်မအရွယ်ရှိတဲ့ လက်တော့ပ်ကို ကောင်းကောင်းထိန်းပေးနိုင်တယ်။

မေး : ဘေးအံဆွဲက ဘယ်လောက်ကျယ်လဲ။
ဖြေ : ဘေးဘက်အံဆွဲက (6) လက်မကျော်ကျယ်တယ်။

မေး : USB အပေါက်ကို မီးအားဝင်အောင် ဘယ်လိုချိတ်ရမလဲ။
ဖြေ : စားပွဲပေါ်မှာ USB အပေါက် (3) ခု ပါပြီးတော့ အောက်ဘက်မှာ USB ကြိုးပါပါတယ်။ အဲဒီကြိုးလေးကို ကိုယ့်အားသွင်းကြိုးခေါင်းမှာ တပ်ပြီး မီးပလပ်မှာ ထိုးလိုက်ရင်ဖြစ်ဖြစ် ၊ Power Bank နဲ့ တိုက်ရိုက် ချိတ်ပြီးပဲဖြစ်ဖြစ် စားပွဲပေါ်က USB အပေါက် (3) ခုကို သုံးလို့ရပါတယ်။