အဝတ်ထည့်လက်ဆွဲသေတ္တာ - WHE0178 – Welcome Home Essential
အဝတ်ထည့်လက်ဆွဲသေတ္တာ - WHE0178
အဝတ်ထည့်လက်ဆွဲသေတ္တာ - WHE0178

အဝတ်ထည့်လက်ဆွဲသေတ္တာ - WHE0178

Regular price
32,500Kyat
Sale price
32,500Kyat
Regular price
Sold out
Unit price
per 

ABOUT PRODUCT

ဒီပစ္စည်းလေးကတော့ အဝတ်အစားတွေကို စီစီရီရီ သပ်သပ်ရပ်ရပ်နဲ့ တစ်စုတစ်စည်း သိမ်းထားလို့ရတဲ့ လက်ဆွဲသေတ္တာလေးပဲ ဖြစ်ပါတယ်။ ဒီသေတ္တာလေးက လက်ဆွဲပါလို့ အလွယ်တကူ မလို့၊ ရွှေ့လို့ ရသလို အသုံးမလိုရင်လည်း ခေါက်သိမ်းထားလို့ ရတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

ဒီသေတ္တာလေးက တစ်စစီပြန့်ကျဲနေတဲ့ အဝတ်တွေကို စီစီရီရီဖြစ်အောင် သိမ်းဆည်းပေးနိုင်တယ်။ လက်ကိုင်ပါတဲ့အတွက် အလွယ်တကူပဲ မလို့ ရွှေ့လို့ရတယ်။ မသုံးရင်လည်း ခေါက်သိမ်းထားလို့ရလို့ နေရာမယူဘူး။ အဝတ်သေတ္တာဆိုပေမဲ့ အဝတ်တင်မကဘူး၊ တစ်ခြား ကိုယ်ထည့်ချင်တဲ့ ပစ္စည်းတွေပါ ထည့်သိမ်းထားလို့ရတယ်။

ဘာလို့ဝယ်သင့်လဲ

✅လက်ကိုင်ပါတဲ့အတွက် လွယ်လွယ်ကူကူပဲ မလို့၊ ရွှေ့လို့ရတယ်။

✅မသုံးတဲ့အခါ ခေါက်သိမ်းထားနိုင်လို့ နေရာမယူဘူး၊ အလုပ်ရှုပ်သက်သာတယ်။

✅အိမ်အပြောင်းအရွှေ့လုပ်တဲ့အခါ သယ်ရပြုရလွယ်တယ်။

✅ပစ္စည်းအများကြီး ဝင်ဆံ့လို့ အဝတ်တွေ ပြန့်ကျဲမှာ၊ ပြန်ပွမှာကို စိတ်ပူစရာ မလိုတော့ဘူး။

✅သန့်ရှင်းရေးလုပ်ရလွယ်ပြီး ဖုန်သုတ်တံနဲ့ သုတ်လိုက်ရုံနဲ့ ပြောင်တယ်။

✅အဝတ်ထည့်သေတ္တာဆိုပေမယ့် အဝတ်တင်မကဘဲ ကျန်တဲ့ပစ္စည်းတွေပါ ထည့်သိမ်းထားလို့ရတော့ တစ်ချက်ခုတ် အများကြီးပြတ်ပေါ့။

ဘယ်သူတွေဝယ်သုံးသင့်လဲ

အိမ်အပြောင်းအရွှေ့ ခဏခဏ လုပ်ရတဲ့သူတွေ၊ အဝတ်တွေကို စီစီရီရီ သိမ်းထားချင်တဲ့သူတွေ၊ ဗီရိုတွေက နေရာယူလို့ အဝတ်သေတ္တာပဲသုံးချင်တဲ့သူတွေ ဝယ်သုံးသင့်ပါတယ်။

Product Specification:

Product Name

Clothes Storage Box

Product Material
ဂျင်းအထူသား
Special Feature ခေါက်သိမ်းလို့ရတယ်၊ အတွင်းမှာသံထောက်ပါတယ်။
Shape  Rectangular
Capacity  အဝတ် ၂၂ ထည်ခန့်ဆန့်ပါတယ်။
Package Weight 0.7 Kilograms
Made Grade A China Made
Color မီးခိုးရောင်
With lid အဖုံးမပါပါ။
Suggested Users အဆောင်နေသူ၊ နေရာအပြောင်းအရွေ့ခဏခဏလုပ်ရသူ၊ အဝတ်တွေကိုသပ်သပ်ရပ်ရပ်သိမ်းချင်သူ
Product Use အဝတ်၊ စာအုပ်နဲ့ အခြားပစ္စည်းများကိုထည့်သိမ်းနိုင်ပါတယ်။

 မေးလေ့ရှိသောမေးခွန်းအတွက်အဖြေများ

မေး : ဘာသားနဲ့ လုပ်ထားတာလဲ။
ဖြေ : အကောင်းစား ချည်အထူသားနဲ့ အရည်အသွေးမြင့် သံဖရိန်တို့နဲ့ ပြုလုပ်ထားတယ်။

မေး : ဘယ်လောက်ထူလဲ။
ဖြေ : ချည်သားက (3) မီလီမီတာ ထူပြီးတော့ အထဲက သံဖရိန်က (4) မီလီမီတာ ထူတယ်။

မေး : အရွယ်အစားကရော ဘယ်လောက်ရှိလဲ။
ဖြေ : အရွယ်အစားက အလျား (1) ပေခွဲ ၊ အနံ (1) ပေ နဲ့ အမြင့် (8) လက်မ ရှိပါတယ်။

မေး : အဝတ် ဘယ်နှစ်ထည်လောက် ဆံ့လဲ။
ဖြေ : ပျမ်းမျှအားဖြင့် အဝတ် (22) ထည်အထိ ဝင်ဆံ့ပါတယ်။