Air Fryer - 4.5Litre (WHE0027)
69,500Kyat

ကိုယ်လိုချင်တဲ့ product လေးကိုဝယ်ဖို့အတွက် 

အခုဝယ်မယ်ဆိုတဲ့ ခလုပ်လေးကိုနှိပ်ပြီး အော်ဒါတင်လိုက်ပါနော်

-8

အမေးများသောမေးခွန်းများ

၁.ပိုက်ဆံကြိုလွှဲရတာလား၊ ပစ္စည်းဖိုးကို ဘယ်လိုရှင်းရမှာလဲ? 

ပစ္စည်းဖိုးအတွက် ငွေကြိုလွှဲစရာလုံးဝမလိုပါဘူးရှင့်။ 

ပစ္စည်းရောက်မှ ငွေချေစနစ်ယုံပါပဲ။ 

ငွေကြိုမကောက်ထားတဲ့အတွက် ပစ္စည်းလေးရောက်လာခဲ့ရင်တော့ cancel မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်

၂.ပစ္စည်းမှာပြီးရင် ဘယ်လောက်ကြာအောင်စောင့်ရမလဲ? 

ဂိုထောင်မှာ ပစ္စည်းရှိရင် မှာယူပြီး ၁ ရက် - ၂ ရက် အတွင်း ပို့ပေးပါတယ်။ 

ပစ္စည်း ပြတ်နေတယ်ဆိုရင်တော့ ၂ ပတ်လောက်စောင့်ပေးရပါတယ်ရှင့်။ 

ပစ္စည်းလေး Delivery မပို့ခင်တော့ ဖုန်းဆက်ပြီး အကြောင်းကြားပေးပါတယ်။

၃.ပစ္စည်းကို ဘယ်လိုပို့ပေးလဲ? 

ရန်ကုန်မြို့တွင်းဆိုရင် Delivery နဲ့ ပို့ပေးပါတယ်ရှင့်။

နယ်မှ မှာယူတယ်ဆိုရင် စာတိုက်နဲ့ တစ်ဆင့်ပို့ပေးပါတယ်။ 

ကားဂိတ်နဲ့ပို့ပေးမှ အဆင်ပြေမယ်ဆိုတဲ့သူတွေကိုလည်း ကားဂိတ်ကနေ ပို့ပေးပါတယ်။

လေယာဉ်လမ်းကြောင်းနဲ့ပဲ ပို့လို့ရတဲ့ မြို့တွေကိုလည်း လေယာဉ်နဲ့တစ်ဆင့်ပို့ပေးပြီး လေယာဉ်ပေါ်မှာတင်လို့မရတဲ့ ပစ္စည်းတွေကို ကားဂိတ်ကနေတစ်ဆင့်ပို့ပေးပါတယ်။

၄.ပစ္စည်းရောက်လာလို့ မကြိုက်ရင် ဘယ်လိုလုပ်ရမလဲ? 

ကျွန်မတို့ Welcome Home – Essentials ဟာ အရေအသွေးအကောင်းဆုံးနဲ့ စိတ်ချယုံကြည်ရဆုံးပစ္စည်းတွေကိုပဲ ဖြန့်ဖြူးရောင်းချပေးနေတာဖြစ်ပါတယ်။ တကယ်လို့ အိမ်ကို ပစ္စည်းရောက်လာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် မကြိုက်ဘူးဆိုရင် ၁၄ ရက်အတွင်း ပြန်ပို့ပေးလို့ရပါတယ်။ ဘာမှမမေးပဲ ပစ္စည်းဖိုးကို ငွေအပြည့်ပြန်အမ်းပေးသွားမှာပါ။

၅.ရောက်လာလို့ ပစ္စည်းက ပျက်နေတယ်ဆိုရင်ဖြစ်ဖြစ်၊ မှာထားတဲ့ပစ္စည်းမဟုတ်ဘဲ မှားနေတယ်ဆိုရင်ဖြစ်ဖြစ် ဘယ်လိုလုပ်ရမလဲ? 

အကယ်၍ ရောက်လာတဲ့ပစ္စည်းက ပျက်နေတယ်ဆိုရင်ဖြစ်ဖြစ်၊ မှာထားတဲ့ပစ္စည်းမဟုတ်တာ ရောက်လာရင်ဖြစ်ဖြစ် ဝယ်သူဘက်မှ လုံးဝပေးစရာမလိုဘဲ 

 á€•á€…ယစည်းဥသစ် ပြန်ပို့ပေးတာ (သို့) အသစ်တစ်ခု ပြန်လဲပေးပါတယ်။

၆.အော်ဒါမှာထားပြီး ပြန်ပြောင်းချင်ရင် ဘယ်လိုလုပ်ရမလဲ? 

အော်ဒါမှာထားပြီး ပြန်ပြောင်းချင်တယ်ဆိုရင်တော့ Delivery မအပ်ခင်မှာ ကြိုပြီးပြောပေးရပါမယ်ရှင့်။ 

အကယ်၍ Delivery အပ်ပြီးချိန်မှ ပစ္စည်းပြန်ပြောင်းပြီးမှာချင်တယ်ဆိုရင် ပို့ခနဲ့ ကုန်ကျစရိတ်တွေကို ဝယ်ယူသူဖက်မှကျခံပေးရပါမယ်။