6 မျိုးပါ ဆိုလာအားသွင်းပန်ကာ - WHE0197 – Welcome Home Essential
6 မျိုးပါ ဆိုလာအားသွင်းပန်ကာ - WHE0197
6 မျိုးပါ ဆိုလာအားသွင်းပန်ကာ - WHE0197
  • Load image into Gallery viewer, 6 မျိုးပါ ဆိုလာအားသွင်းပန်ကာ - WHE0197
  • Load image into Gallery viewer, 6 မျိုးပါ ဆိုလာအားသွင်းပန်ကာ - WHE0197

6 မျိုးပါ ဆိုလာအားသွင်းပန်ကာ - WHE0197

Regular price
107,500Kyat
Sale price
107,500Kyat
Regular price
Sold out
Unit price
per 

ဆိုလာပြားနဲ့ ဘက်ထရီပန်ကာ အစုံလိုက်ဈေးနှုန်း

၁ခု၀ယ် 107,500
၃ခု၀ယ် 306,500 ကျပ် (5 % Discount)
၅ခု၀ယ် 484,000 ကျပ် (10 % Discount)

 

ဆိုလာမပါ ဘက်ထရီပန်ကာချည်းပဲဈေးနှုန်း

 

၁ခု၀ယ် 91,500
၃ခု၀ယ် 261,000 ကျပ် (5 % Discount)
၅ခု၀ယ် 412,000 ကျပ် (10 % Discount)

 

ပစ္စည်းအကြောင်း

ဒါလေးက အပူချိန် အရမ်းမြင့်ပြီး လျှပ်စစ်မီး ခဏခဏပြတ်တတ်တဲ့ မြန်မာနိုင်ငံရဲ့ နွေရာသီကို အကောင်းဆုံး အံတုပေးနိုင်မယ့် (6) မျိုးပါ ဆိုလာပန်ကာလေးပဲ ဖြစ်ပါတယ်။ ဒီပန်ကာလေးက ဆိုလာနဲ့ရော လျှပ်စစ်ပလပ်ပေါက်နဲ့ပါ ချိတ်ပြီး သုံးလို့ရတော့ မီးပြတ်နေချိန်မှာတောင် အအေးဓာတ်ပေးနိုင်တယ်။ ဒါ့အပြင် မီးထွန်းတာ ၊ သီချင်းနားထောင်တာ ၊ ရေဒီယိုဖွင့်တာ ၊ ဖုန်းအားသွင်းတာတွေအပါအဝင် Function (6) မျိုးအထိ သုံးလို့ရတယ်။ နောက်ပြီး အရွယ်အစားက (1) ပေ ပတ်လည်ပဲရှိတော့ အပြင်သွားတဲ့အခါ ကျစ်ကျစ်လျစ်လျစ်နဲ့ သယ်ရလွယ်တယ်။ ရုံးခန်း ၊ စာသင်ခန်း ၊ ဧည့်ခန်း ၊ အိပ်ခန်း နေရာစုံမှာ သုံးလို့ရတယ်။ (18) ပေ အကွာအဝေးအထိ အေးမြမှု ပေးနိုင်ပြီး အခန်းထဲက အအေးဓာတ်ကို ထိန်းထားပေးနိုင်တယ်။ ဒီဆိုလာပန်ကာလေးနဲ့သာဆို ပူပြင်းတဲ့ နွေရာသီကို အေးအေးလူလူ ကျော်ဖြတ်လို့ရပါပြီ။

ပစ္စည်းထူးခြားချက်များ

ဆိုလာနဲ့ အားသွင်းပြီး သုံးလို့ရသလို လျှပ်စစ်မီးနဲ့လည်း အားသွင်းပြီး ဒါမှမဟုတ် တိုက်ရိုက်ချိတ်ပြီး သုံးလို့ရတယ်။ ဆိုလာနဲ့အားသွင်းတဲ့အခါ ကြိုးနဲ့ တိုက်ရိုက်ချိတ်ပြီး သုံးရုံပဲ။ ကြားခံ ဘက်ထရီတွေ အင်ဗာတာတွေ မလိုဘူး။
Function (6) မျိုးတောင်ပါလို့ ဘက်စုံသုံးလို့ရတယ်။
ပူအိုက်တဲ့အချိန်မှာ အေးမြမှုကို ပေးစွမ်းနိုင်တယ်။ ဆိုလာနဲ့ဆိုတော့ မီးပြတ်လည်း ကိစ္စမရှိဘူး။ လေအားကို အပြင်းအပျော့ နှစ်မျိုးချိန်လို့ရတယ်။ လေအားအပျော့နဲ့ဆို (6) နာရီဆက်တိုက် အသုံးခံပြီး လေအားအပြင်းနဲ့ဆိုရင်တော့ (3) နာရီဆက်တိုက် အသုံးခံပါတယ်။
ညဘက်မီးပြတ်တဲ့အခါသုံးဖို့ LED မီးလုံးလည်း ပါတယ်။ မီးလုံး အလင်းအား အပြင်းအပျော့ ကိုယ်လိုသလို ချိန်ညှိလို့ရတယ်။ အလင်းအားပြင်းရင် (12) နာရီခံပြီး အလင်းအားပျော့ရင် (25) နာရီအထိ အသုံးခံတယ်။
Bluetooth နဲ့ ချိတ်ပြီး သီချင်းဖွင့်လို့ရတယ်။ USB နဲ့ တွဲသုံးဖို့လည်း USB ပေါက် ပါတယ်။ ရေဒီယိုလည်း နားထောင်လို့ရတယ်။ ဖုန်းအားလည်း သွင်းလို့ရတယ်။
40 dB ပဲရှိတော့ အသံလုံးဝမဆူတဲ့အတွက် ညဘက်တွေမှာ တစ်ညလုံးဖွင့်ထားလို့ရတယ်။
အရွယ်အစားက (1) ပေ ပတ်လည်ပဲရှိတော့ အပြင်သွားတဲ့အခါ ကျစ်ကျစ်လျစ်လျစ်နဲ့ သယ်ရလွယ်တယ်။
ရုံးခန်း ၊ စာသင်ခန်း ၊ ဧည့်ခန်း ၊ အိပ်ခန်း နေရာစုံမှာ သုံးလို့ရတယ်။ (18) ပေ အကွာအဝေးအထိ အေးမြမှု ပေးနိုင်တယ်။

ဒီဆိုလာပန်ကာလေးနဲ့သာဆို အပူချိန်ပြင်းပြီး မီးခဏခဏ ပြတ်တတ်တဲ့ မြန်မာနိုင်ငံရဲ့ နွေရာသီကို အေးအေးဆေးဆေး ကျော်ဖြတ်လို့ရပါပြီ။


ဘာလို့ဝယ်သင့်လဲ

ပူအိုက်တဲ့အချိန်မှာ လတ်ဆတ်တဲ့ အေးမြမှုကို ပေးစွမ်းနိုင်တယ်။
ဆိုလာနဲ့အားသွင်းပြီး (DC ရော AC ပါ) သုံးနိုင်လို့ မီးပြတ်လည်းကိစ္စမရှိဘူး။
LED မီးလုံးပါလို့ ညဘက် မီးပြတ်ရင် အရေးပေါ်သုံးလို့ရတယ်။
USB ဒါမှမဟုတ် Bluetooth နဲ့ ချိတ်ပြီး သီချင်းဖွင့်လို့ရတယ်။
ကျစ်ကျစ်လျစ်လျစ်နဲ့ သယ်ရလွယ်ပြီး အသံလည်း လုံးဝမဆူဘူး။


ဘယ်သူတွေဝယ်သုံးသင့်လဲ

နွေရာသီ အပူဒဏ်ကို အံတုဖို့ ကြိုတင်ပြင်ဆင်နေကြသူတွေ ၊ မကြာခဏ မီးပြတ်တတ်တဲ့နေရာက သူတွေ ၊ ရာသီဥတုပူရင် ညဘက်အိပ်မပျော်တတ်သူတွေ ၊ အပူဒဏ် မခံနိုင်တဲ့ လူကြီးမိဘတွေ ၊ ကလေးသူငယ်တွေ ၊ နွေရာသီအတွက် ပန်ကာကောင်းကောင်းတစ်လုံး လိုက်ရှာနေသူတွေ ၊ ဆိုလာသုံးနေကျသူတွေ ၊ အိမ်မှာ ဆိုလာပြားရှိတဲ့သူတွေ ဝယ်ထားသင့်ပါတယ်။


မေးလေ့ရှိသောမေးခွန်းအတွက်အဖြေများ

အကောင်းစား ပလတ်စတစ် ၊ ကြေးနီ ၊ သတ္တုတို့နဲ့ လုပ်ထားပါတယ်။ အလေးချိန် (3) kg ရှိပါတယ်။

အလျား (12) လက်မ ၊ အနံ (5) လက်မ ၊ အမြင့် (13) လက်မ ရှိပါတယ်။ ပန်ကာဒလက် အရွယ်အစား ( 8 ) လက်မ ရှိပါတယ်။

ဆိုလာနဲ့ အားသွင်းပြီးဖြစ်ဖြစ် လျှပ်စစ်မီးနဲ့ တိုက်ရိုက်ချိတ်ပြီးဖြစ်ဖြစ် (DC ရော AC ပါ) သုံးလို့ရပါတယ်။ ခလုတ်လေးနှိပ်ပြီး ပြောင်းလိုက်ရုံပါပဲ။

ပန်ကာဖွင့် ၊ မီးသီးထွန်း ၊ သီချင်းနားထောင် ၊ ရေဒီယိုဖွင့် ၊ ဖုန်းအားသွင်း ၊ USB ပေါက် စတဲ့ လုပ်ဆောင်ချက် Function (6) မျိုးအထိ ပါပါတယ်။

လေအားအပြင်းအပျော့ ချိန်လို့ရပြီး လေအားအပျော့နဲ့ဆို (6) နာရီဆက်တိုက် ၊ လေအားအပြင်းနဲ့ဆို (3) နာရီဆက်တိုက် အသုံးခံပါတယ်

အလင်းအား အပြင်းအပျော့ ချိန်လို့ရပြီး အလင်းအားပြင်းရင် (12) နာရီ ၊ အလင်းအားပျော့ရင် (25) နာရီအထိ အသုံးခံပါတယ်။

(18) ပေ အကွာအဝေးအထိ လေရောက်ပါတယ်။ 40 dB ပဲ ရှိတော့ အသံလုံးဝမဆူပါဘူး။

ဘက်ထရီကတော့ (3.2V5.5Ah Lead acid) ဘက်ထရီ အမျိုးအစားပါ။ အားသွင်းကြိုးကတော့Type C အမျိုးအစားပါ။

ဗို့အား 5V ရှိပြီး ပါဝါကတော့ 10W ရှိပါတယ်။ လည်အားကတော့ တစ်မိနစ်ကို အပတ်ရေ 1200 ဝန်းကျင်ရှိပြီး 3V ကြေးနီမော်တာကို သုံးထားပါတယ်။