ကုန်ပစ္စည်းဈေးနှုန်း
၁ခု၀ယ် | 90000 |
၃ခု၀ယ် | 256500 (5 % Discount , 13500 ကျပ် သက်သာသွားပါပြီ) |
၅ခု၀ယ် | 405000 (10 % Discount , 45000 ကျပ် သက်သာသွားပါပြီ) |
About of Product
🙌 ဒါလေးက တစ်နေကုန် အလုပ်မှာ အာရုံစိုက်ခဲ့ရလို့ တင်းနေတဲ့ ဇက်ကြောတွေ၊ မိုးလင်းကနေ မိုးချုပ် အိမ်အလုပ်လုပ်ထားရလို့ ညောင်းညာနေတဲ့ ပခုံးနဲ့ ခြေထောက် ကြွက်သားတွေကို မိနစ်ပိုင်းအတွင်း သက်သာသွားအောင် နှိပ်နယ်ပေးနိုင်တဲ့ ဘက်စုံသုံး အကြောပြေနှိပ်တံလေးပဲ ဖြစ်ပါတယ်။ဒီအကြောပြေနှိပ်တံလေးက ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ကိုယ့်တစ်ကိုယ်လုံးက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးနိုင်တယ်။ သူ့ရဲ့ ထူးခြားချက်က တုန်ခါတဲ့စနစ်နဲ့ နှိပ်ပေးတာ ဖြစ်တဲ့အတွက် ကြွက်သားတွေအပြင် ဝမ်းဗိုက်က အဆီတွေကိုပါ ကျစေတယ်။ အနှိပ်ခေါင်း (6) မျိုးပါလို့ ကိုယ်ကြိုက်နှစ်သက်ရာကို လဲသုံးလို့ရတယ်။ နှိပ်အား အပြင်းအပျော့ကို (15) ဆင့်အထိ ချိန်ညှိလို့ရတယ်။ နှိပ်တဲ့ ပုံစံ (Massaging Mood) လည်း (15) မျိုးတောင်ပါတော့ ကိုယ်ကြိုက်တဲ့ပုံစံနဲ့ အနှိပ်ခံလို့ရတာပေါ့။
ဘာလို့ဝယ်ထားသင့်တာလဲ
✅ အနှိပ်ခေါင်း (6) မျိုးပါလို့ ကိုယ်ကြိုက်နှစ်သက်ရာ လဲသုံးလို့ရတယ်။
✅ နှိပ်အား အပြင်းအပျော့ကို (15) ဆင့်အထိ ချိန်ညှိလို့ရတယ်။
✅ နှိပ်တဲ့ ပုံစံ (Massaging Mood) လည်း (15) မျိုးအထိ ပါပါတယ်။
✅ တုန်ခါတဲ့စနစ်နဲ့ နှိပ်နယ်ပေးလို့ ဝမ်းဗိုက်အဆီတွေကိုပါ ကျစေတယ်။
✅ ဇက်ကြောတက်ညောင်းညာတာကို သက်သာပြေလျော့စေတယ်။
✅ တောင့်တင်းနာကျင်နေတဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးနိုင်တယ်။
ဘယ်သူတွေ ဝယ်သုံးသင့်လဲ
တစ်နေကုန် အလုပ်မှာ အာရုံအရမ်းစိုက်ရလို့ ညောင်းညာဇက်ကြောတက်နေတဲ့သူတွေ၊ လမ်းအလျှောက်များလို့ ဒါမှမဟုတ် အိမ်အလုပ်တွေလုပ်ရလို့ ခြေထောက်ကြွက်သားတွေ တောင့်တင်းနေတဲ့ အိမ်ရှင်မတွေ၊ မကြာခဏ အညောင်းမိတတ်သူတွေ၊ အားကစားသမားတွေနဲ့ သက်ကြီးရွယ်အိုတွေ ဆောင်ထားသင့်ပါတယ်။
Product Detail
✔ Material >>> အကြမ်းခံတဲ့ အကောင်းစား PVC ကော်အမာသား
✔ အရွယ်အစား >>> (18) လက်မ
✔ Watt >>> 24 W
✔ Voltage >>> 5 V
✔ Battery Capacity >>> 1800 mAh
✔ USB အားသွင်းကြိုးကို ကိုယ့်ရဲ့ အားသွင်းကြိုးခေါင်းမှာ တပ်ပြီး အလွယ်တကူ အားသွင်းလို့ရတယ်။
✔ အားတစ်ခါသွင်းပြီးရင် (5) နာရီကြာ အသုံးခံပါတယ်။ တစ်ခါသုံးရင် (15) မိနစ်ထက်တော့ ပိုမသုံးသင့်ပါဘူး။
✔ ဇက်ကြော ၊ ဂုတ် ၊ ပခုံး ၊ နောက်ကျော ၊ လက်မောင်း ၊ ဝမ်းဗိုက် ၊ တင်ပါးနဲ့ ခြေထောက်ကြွက်သားတွေကို နှိပ်ပေးလို့ရပါတယ်။
📌 အနှိပ်ခေါင်း (Massage Head) ခြောက်မျိုးတောင်ပါတော့ ကြိုက်ရာကို ပြောင်းသုံးလို့ရတယ်။
လက်ချောင်းပုံ အနှိပ်ခေါင်း >>> ပခုံးနဲ့ ခြေထောက်ကြွက်သားများ
U ပုံစံ အနှိပ်ခေါင်း >>> ပခုံးနဲ့ ခြေထောက်ကြွက်သားများ
တူပုံစံ အနှိပ်ခေါင်း >>> ဝမ်းဗိုက် ၊ ခါး ၊ တင်ပါးနဲ့ နောက်ကျောကြွက်သားများ
ထိပ်ချွန် အနှိပ်ခေါင်း >>> ပခုံးနဲ့ ဂုတ်ပိုးကြွက်သားများ
ခြောက်ဖက်ပါ အနှိပ်ခေါင်း >>> ခန္ဓာကိုယ်အနှံ့က ကြွက်သားများ
အပ်စိုက်ကုထုံး အနှိပ်ခေါင်း >>> ခန္ဓာကိုယ်အနှံ့က ကြွက်သားများ
📌 နှိပ်တဲ့ ပုံစံ (Massaging Mood) လည်း (15) မျိုးအထိ ပါပါတယ်။
P (1-2) >>> လူကြီးမိဘတွေအတွက် သင့်တော်တယ်။
P (3) >>> ကျောင်းသူကျောင်းသားတွေအတွက် သင့်တော်တယ်။
P (4-5) >>> အလုပ်သမားများအတွက် သင့်တော်တယ်။
P (6-8) >>> အထိုင်များတဲ့ ရုံးဝန်ထမ်းတွေအတွက် သင့်တော်တယ်။
P (9) >>> အားကစားသမားတွေအတွက် သင့်တော်တယ်။
P (10-15) >>> ကားအကြာကြီး ထိုင်မောင်းရသူတွေအတွက် သင့်တော်တယ်။
📌 နှိပ်အား အပြင်းအပျော့ (15) ဆင့်အထိ ချိန်ညှိလို့ရတယ်။
ပြင်းအားအဆင့် (1-4) >>> ငြင်ငြင်သာသာ နှိပ်နယ်ပေးပါတယ်။
ပြင်းအားအဆင့် (5-8) >>> မပျော့မပြင်း နှိပ်နယ်ပေးပါတယ်။
ပြင်းအားအဆင့် (9-12) >>> ကြွက်သားနာကျင်မှုတွေကို ဖြေလျှော့ပေးပါတယ်။
ပြင်းအားအဆင့် (13-15) >>> ကြွက်သားနာကျင်မှုတွေကို ဖယ်ရှားပေးပါတယ်။
လူကြီးမိဘတွေအနေနဲ့ အဆင့် (1-8) အထိပဲ သုံးဖို့ အကြံပေးချင်ပါတယ်။ လူငယ် ၊ လူလတ်ပိုင်းတွေကတော့ ပြင်းအား အဆင့် (15) အထိ သုံးလို့ရပါတယ်။
❗ လိုးရှင်းတွေ၊ လိမ်းဆီတွေနဲ့ တွဲပြီး နှိပ်တာကိုတော့ ရှောင်စေချင်ပါတယ်။ အနှိပ်တံကို ပျက်စီးစေတတ်လို့ပါ။