အိပ်ယာပါ ကလေးပစ္စည်းထည့်အိတ် - WHE0198 – Welcome Home Essential
အိပ်ယာပါ ကလေးပစ္စည်းထည့်အိတ် - WHE0198

အိပ်ယာပါ ကလေးပစ္စည်းထည့်အိတ် - WHE0198

Regular price
39,500Kyat
Sale price
39,500Kyat
Regular price
Sold out
Unit price
per 

ကုန်ပစ္စည်းဈေးနှုန်း

၁ခု၀ယ်  39,500
၃ခု၀ယ် 112,550 ကျပ် (5 % Discount)
၅ခု၀ယ် 177,750 ကျပ် (10 % Discount)

 

◼ ကုန်ပစ္စည်းအကြောင်း

ဒါလေးက ကလေးပစ္စည်းမျိုးစုံကို ထည့်လို့ရတဲ့အပြင် ကလေးကိုပါ ထည့်သိပ်လို့ရတဲ့ အိပ်ယာပါ ကလေးပစ္စည်းထည့်အိတ်လေးပဲ ဖြစ်ပါတယ်။ ကလေးကိုလည်း သက်တောင့်သက်သာ အိပ်စက်စေနိုင်ပြီး အရေးကြီးတဲ့ ပစ္စည်းတွေကိုပါ ထည့်သိမ်းလို့ရတာကြောင့် ကလေးရှိမိဘတိုင်း လက်စွဲဆောင်ထားသင့်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။


◼ ကုန်ပစ္စည်း ထူးခြားချက်


အိတ်နောက်ကျောကို ဇစ်ဖွင့်ပြီး ကလေးအိပ်ယာအဖြစ် ပြောင်းလဲနိုင်တယ်။ လွယ်အိတ်သားက နိုင်လွန်သားနဲ့ လုပ်ထားလို့ ရှယ်အကြမ်းခံတယ်။ ပေါက်ပြဲမလွယ်ဘူး။ ရေစိမ့်မဝင်နိုင်ဘူး။
သားရေဇစ်သားနဲ့ ပြုလုပ်ထားဖို့ ဇစ်အဖွင့်အပိတ် လွယ်တယ်။ အလွယ်တကူ ဇစ်ပျက်မသွားဘူး။ ပုခက်သားက ဆန်ကာပေါက် ဝါဂွမ်းရက်ထည်သားနဲ့ လုပ်ထားလို့ လေဝင်လေထွက် ကောင်းမွန်တယ်။ အိပ်ရတာ သက်တောင့်သက်သာရှိစေတယ်။ ပုခက်ထဲမှာ ထည့်တဲ့ အောက်ခံပြားလေးက ဒိုင်ဗာသားနဲ့ လုပ်ထားလို့ စုပ်ယူမှု အားကောင်းတယ်။ ခေါက်သိမ်းရလွယ်တယ်။ ထောက်တိုင်တွေကိုလည်း အသုံးမလိုရင် လွယ်အိတ်ထဲခေါက်ထည့်ထားလို့ရတယ်။ အသေးစိတ်ကျတဲ့ ချည်ထည် ချုပ်သားကြောင့် အိတ်ပုခုံးကြိုးက တော်ရုံ ပြတ်ထွက်မသွားနိုင်ဘူး။ အလေးချိန် တော်တော်များများ ခံနိုင်တယ်။ ကြိုးချိတ်ကွင်းလေးက အတိုးအလျှော့ လုပ်ရလွယ်တယ်။ ကလေးတွန်းလှည်းမှာလည်း အလွယ်တကူချိတ်လို့ရတယ်။

◼ ဘာလို့ဝယ်သင့်တာလဲ


အိတ်နောက်ကျောကို ဖွင့်ပြီး ကလေးသိပ်နိုင်တယ်။
အကန့်ကြီး တစ်ခု၊ အကန့်ငယ်သုံးခု ပါတာမို့ လိုအပ်တဲ့ ကလေးပစ္စည်းတွေ အစုံထည့်လို့ရတယ်။
ရှေ့ဆုံးမျက်နှာစာ အထပ်မှာ အကန့်ငယ်သုံးကန့်ပါလို့ အရေးကြီးတဲ့ ကလေးနို့ဘူးတွေ၊ ရေဘူးတွေ၊ ဆေးဘူးတွေနဲ့ ရေခွက်တွေ ထည့်လို့ရတယ်။
ဘေးအိတ်တွေမှာလည်း ရေဘူးနဲ့ တစ်ရှူးထည့်လို့ရတယ်။
ဇစ်အဖွင့်အပိတ် နှစ်ဖက်ပါတယ်။
လေဝင်လေထွက်ကောင်းမွန်လို့ ကလေးအိပ်ရတာ သက်တောင့်သက်သာရှိစေတယ်။
ဘယ်နေရာပဲသွားသွား အိတ်လေးလွယ်ပြီး ပေါ့ပေါ့ပါးပါး သွားရုံပဲ။
ကလေးရှိတဲ့ မေမေတိုင်း ဒီအိတ်လေးတစ်ခုရှိရုံနဲ့တင် ကလေးရှိတဲ့ ဘက်စုံအသုံးပြုနိုင်တယ်။

◼ ဘယ်သူတွေ ဝယ်သင့်လဲ

ကလေးမိဘတွေ
မိသားစုနဲ့အတူ ခရီးထွက်ဖြစ်သူတွေ
အပြင်မှာ အလုပ်ထွက်လုပ်နေရတဲ့ အိမ်ထောင်ရှင် မေမေတွေ
ကလေးပစ္စည်း ဖြန့်ဖြူးရောင်းချသူတွေ

◼ မေးလေ့ရှိသော မေးခွန်းများအတွက် အဖြေများ

Material Weight- 0.98 Kg
Size- 32 cm ( Width )
42 cm ( Height )
22 cm ( Thickness )

ပုခက်ထဲ အိပ်နိုင်တဲ့ ကလေးအရွယ်− ( 1 ) နှစ်အတွင်း