အသီးလှီးခြစ်ခုံ - WHE0230 – Welcome Home Essential
အသီးလှီးခြစ်ခုံ - WHE0230
အသီးလှီးခြစ်ခုံ - WHE0230

အသီးလှီးခြစ်ခုံ - WHE0230

Regular price
32,500Kyat
Sale price
32,500Kyat
Regular price
Sold out
Unit price
per 

ကုန်ပစ္စည်းဈေးနှုန်း

 

1 ခု 32500
‎3 ခု 92600 ကျပ် (5 % Discount)
5 ခု 146250 ကျပ် (10 % Discount)

 

ပစ္စည်းအကြောင်း

ဒါလေးက အသီးအနှံတွေကို စက္ကန့် ( 30 ) အတွင်း လှလှပပ ညီညီညာညာဖြစ်အောင် လှီးဖြတ်ပေးနိုင်တဲ့ အသီးလှီးခြစ်ခုံလေးပဲ ဖြစ်ပါတယ်။ ဓားပြားပုံစံ ( 6 ) မျိုးပါတယ်။ အမျှင်လေးတွေဖြစ်အောင် လှီးဖြတ်နိုင်တဲ့ ဓားပြားတစ်ခု၊ ခပ်ထူထူလေးလှီးဖြတ်နိုင်တဲ့ ဓားပြားတစ်ခု ၊ ကြိတ်ချေနိုင်တဲ့ ဓားပြားတစ်ခု၊ အပြားလေးတွေ ဖြစ်အောင် လှီးဖြတ်နိုင်တဲ့ ဓားပြားနှစ်ခု၊ အတွန့်ပြားလေးတွေ ဖြစ်အောင် ပုံဖော်နိုင်တဲ့ ဓားပြားတစ်ခု။ အသီးလှီးခြစ်တဲ့အခါ လက်မထိအောင် ကာကွယ်ပေးနိုင်တဲ့ လက်ကိုင်အကာပါတယ်။ ခေတ်မီခိုင်ခံ့တဲ့ လက်ကိုင်ပါ ဒီဇိုင်းကို ဖန်တီးထားတယ်။ အသီးအနှံတွေ အများကြီးကို ထည့်ပြီး လှီးဖြတ်နိုင်တယ်။

ပစ္စည်းထူးခြားချက်များ

ကိုယ့်စိတ်ကြိုက် ပုံဖော်လှီးဖြတ်နိုင်တဲ့ ဓားပြားပုံစံ ( 6 ) မျိုးပါတယ်။ လက်ကိုမထိခိုက်စေနိုင်တဲ့ လက်ကိုင်အကာပါတယ်။ ဓားသွားတွေက Stainless Steel ဖြစ်လို့ အလွယ်တကူ သံချေးမတက်ဘူး။ ဓားတွေက အရမ်းထက်လို့ စက္ကန့်ပိုင်းအတွင်း ပုံဖော်လှီးဖြတ်နိုင်တယ်။ အလုပ်တွင်တယ်။ အချိန်ကုန်လူပင်ပန်းသက်သာတယ်။ ဆေးကြောသန့်ရှင်းရ လွယ်ကူတယ်။ ကိုယ်ထည်ကို အကောင်းစား ကော်အမာသားနဲ့ လုပ်ထားလို့ ရေရှည်အသုံးခံတယ်။ မီးဖိုချောင်မှာ နေရာအများကြီးမယူဘူး။ အလုပ်ရှုပ်သက်သာတယ်။

ဘာလို့ဝယ်သင့်တာလဲ

  • အသီးအနှံတွေကို စက္ကန့်(၃၀)အတွင်း အပိုင်းပိုင်းစိတ်လို့ရလို့ အချိန်ကုန် လူပင်ပန်းသက်သာတယ်။

  • ဓားပြားပုံစံ အမျိုးမျိုးပါလို့ ကိုယ်ကြိုက်တဲ့ပုံစံကို တပ်ဆင်အသုံးပြုနိုင်တယ်။

  • ဓားပြားတွေကို Stainless Steel နဲ့ လုပ်ထားလို့ သံချေးအလွယ်မတက်ဘူး။

  • လက်ကိုင်ပါလို့ ခြစ်နေရင်း ချော်ပြီး လက်ရှမှာကို စိုးရိမ်စရာမလိုတော့ဘူး။

  • ပစ္စည်း(၁)မျိုးတည်းနဲ့ ဘက်စုံသုံးလို့ရတော့ ကိုယ့်ရဲ့မီးဖိုချောင်မှာ နေရာမယူတော့ဘူး။

ဘယ်သူတွေဝယ်သုံးသင့်တာလဲ

  • အိမ်ရှင်မတွေ
  • အသီးအနှံတွေကို မျိုးစုံ ပုံဖော်ပြီး လုပ်စားတတ်သူတွေ
  • ဟင်းချက်တဲ့အခါ အချိန်ကုန်သက်သာချင်တဲ့သူတွေ
  • အလုပ်ရှုပ်သက်သာချင်တဲ့သူတွေ

မေးလေ့ရှိသောမေးခွန်းအတွက်အဖြေများ

  • Colour-  Green

  • Weight- 0.8 Kg

  • Size- 29*11.5*10.5cm

  • Blades- Stainless Steel

  • Material- PAE

  • BPA Free Material ဖြစ်တယ်။

လက်ဆောင်ပစ္စည်း

ခုချိန်လာဝယ်ရင် အသီးအစေ့ဖယ်တံလေးကို မေတ္တာလက်ဆောင်ပေးအပ်သွားမှာပါ။ဒါလေးက အသီးအနှံတိုင်းရဲ့ အစေ့တွေကို အလွယ်တကူ ဖယ်ရှားလို့ရတဲ့ Seed Remover လေးပဲ ဖြစ်ပါတယ်။ အထဲက အစေ့တွေကို လွယ်လွယ် လှည့်ထုတ်လို့ရတာကြောင့် စားတဲ့အခါတိုင်း အစေ့တွေကို ထွေးထုတ်နေစရာမလိုတော့ဘူး။‎