လေထိုးမွေ့ယာ - WHE0191 – Welcome Home Essential
လေထိုးမွေ့ယာ - WHE0191
လေထိုးမွေ့ယာ - WHE0191

လေထိုးမွေ့ယာ - WHE0191

Regular price
185,000Kyat
Sale price
185,000Kyat
Regular price
Sold out
Unit price
per 

ကုန်ပစ္စည်းဈေးနှုန်း

 

တစ်ယောက်အိပ်

၁ခု၀ယ် 132,000
၃ခု၀ယ် 376,200 ကျပ် ( 5% Discount )
၅ခု၀ယ် 594,000 ကျပ် ( 10% Discount )

 

နှစ်ယောက်အိပ်

၁ခု၀ယ် 176,500 
၃ခု၀ယ် 503,025 ကျပ် ( 5% Discount )
၅ခု၀ယ် 794,250 ကျပ် ( 10% Discount )

Product Information

ဒါလေးက အလွယ်တကူ ခေါက်သိမ်းလို့ရပြီး ဘယ်နေရာမှာမဆို အိပ်စက်ခြင်းကို သက်တောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်တဲ့ လေထိုးမွေ့ယာလေးပဲ ဖြစ်ပါတယ်။

◼️ အရွယ်အစား

တစ်ယောက်အိပ်မွေ့ယာ− 1.9*0.96*0.41 မီတာ ( 6.3*3.2*1.4 ) ပေ

နှစ်ယောက်အိပ်မွေ့ယာ−  2.0*1.5*0.42 မီတာ ( 6.6*5*1.4 ) ပေ

◼️ ကုန်ပစ္စည်း ထူးခြားချက်

ဒီမွေ့ယာလေးကို လေ ( 5 ) မိနစ်လောက် ထိုးရုံနဲ့ အချိန်ကြာကြီး သက်တောင့်သက်သာ ဇိမ်ကျကျနဲ့ လှဲအိပ်နိုင်တယ်။ အသုံးမလိုရင် လေပြန်ထုတ်ပြီး ခေါက်သိမ်းထားနိုင်လို့ နေရာစား သက်သာတယ်။ ဘယ်နေရာပဲ သွားသွား ပေါ့ပေါ့ပါးပါး ယူသွားလို့ရတယ်။ မွေ့ယာအသားထူပြီးတော့ ရေစိုခံ၊ အကြမ်းခံတယ်။ 

◼️ ဘာလို့ဝယ်သင့်တာလဲ 

ဘယ်နေရာမှာမဆို သက်တောင့်သက်သာနဲ့ ဇိမ်ကျကျ အိပ်စက်အနားယူနိုင်တယ်။

ကျောနာတာမျိုး လုံးဝမရှိပဲ ငြိမ့်ငြောင်းမှုရှိတယ်။ 

အကောင်းစား PVC သားနဲ့ လုပ်ထားလို့ နူးညံ့အိစက်တဲ့ အထိအတွေ့မျိုးကို ပေးစွမ်းနိုင်တယ်။

တစ်ယောက်အိပ် နှစ်ယောက်အိပ် ကိုယ်လိုချင်တဲ့ Size ရွေးလို့ရတယ်။ 

မွေ့ယာအသားထူလို့ တော်ရုံမပေါက်ပြဲဘူး။

ရေစိုခံ၊ အကြမ်းခံတယ်။

အသုံးမလိုရင် လေထုတ်ပြီး ခေါက်သိမ်းထားလို့ရတယ်။

သိမ်းရလွယ်ကူလို့ ဘယ်နေရာမဆို ပေါ့ပေါ့ပါးပါး သယ်သွားလို့ရတယ်။ 

ဘယ်လောက်ကြာကြာအိပ်အိပ် ကျောပူတာမျိုးမဖြစ်စေဘူး။


◼️ ဘယ်သူတွေ ဝယ်သင့်လဲ


📌 သက်တောင့်သက်သာနဲ့ ဇိမ်ကျကျ အိပ်စက် အနားယူလိုသူတွေ

📌 ခရီးဝေးသွားတတ်သူတွေ 

📌 အလုပ်ကိစ္စကြောင့် ရပ်ဝေးအမြဲ သွားရတတ်သူတွေ

📌 သက်ကြီးပိုင်းတွေ

📌 အခန်းကျဥ်းလို့ မွေ့ယာထည့် မအိပ်နိုင်သူတွေ


ဒီလေထိုးမွေ့ယာလေး အကြောင်းကို အသေးစိတ် ပြောရရင်


✅ ပလပ်ပေါက်မှာ လေထိုးပန့်ကို တပ်ပြီး မွေ့ယာကို လေထိုးလို့ရပါတယ်။

✅ လေပြည့်ဖို့ ( 5 ) မိနစ်ထက် ပိုမကြာပါဘူး။ 

✅  လေထိုးပန့်လေးက ဗို့အား 220 V ၊ ဆွဲအား 150 W ရှိပါတယ်။

✅  လေသွင်း ၊ လေထုတ် တစ်ခါလုပ်ပြီးတိုင်း လေထိုးပန့်လေးကို (5) မိနစ် အနားပေးရပါမယ်။

✅  အဝတ်လျှော်စက်ထဲတော့ ထည့်လျှော်လို့ မရဘူးနော်။