ရေနွေးငွေ့ပေါင်းစက် - WHE0219 – Welcome Home Essential
ရေနွေးငွေ့ပေါင်းစက် - WHE0219

ရေနွေးငွေ့ပေါင်းစက် - WHE0219

Regular price
253,500Kyat
Sale price
253,500Kyat
Regular price
Sold out
Unit price
per 

ကုန်ပစ္စည်းဈေးနှုန်း

 

1 ခု 253,500 ကျပ်
‎3 ခု 722,500 ကျပ် (5 % Discount)
5 ခု 1,140,750 ကျပ် (10 % Discount)

 


ကုန်ပစ္စည်းအကြောင်း

ဒါလေးကတော့ စက်ရဲ့ အောက်ဆုံးမှာ ရေထည့်ပြီး မုန့်ပေါင်း၊ ဟင်းပေါင်းတာတွေ အစုံလုပ်လို့ရတဲ့ ပေါင်းခံပစ္စည်းလေးပဲ ဖြစ်ပါတယ်။ အဆင့်သုံးဆင့်ပါပြီး တစ်ဆင့်ချင်း ဖြုတ်သုံးလို့ရတယ်။ ( 1 ) နာရီကြာတဲ့ထိ ပေါင်းနိုင်တယ်။ ပေါင်းပြီး ( 5 ) နာရီကြာတဲ့ထိ အပူဒဏ်ကို ထိန်းပေးနိုင်တယ်။ ကျက်သွားရင် အော်တို မီးပိတ်သွားတယ်။ ပေါင်းခံဇကာတွေကို Stainless Steel နဲ့ လုပ်ထားတယ်။  Non- Stick ဖြစ်တယ်။ ပေါင်းခံဇကာတစ်ခုချင်းစီမှာ အပူကာလက်ကိုင်ပါတယ်။ လက်ကိုင်တွေက အလွယ်တကူ ချော်မထွက်ဘူး။

ကုန်ပစ္စည်းထူးခြားချက်များ

မုန့်ပေါင်း၊ ဟင်းပေါင်းတာတွေ အများကြီးလုပ်လို့ရတယ်။ ကျက်သွားရင် အော်တိုမီးပိတ်တယ်။  ( 1 ) နာရီကြာတဲ့ထိ ပေါင်းနိုင်တယ်။ ပေါင်းပြီး ( 5 ) နာရီကြာတဲ့ထိ အပူဒဏ်ကို ထိန်းပေးနိုင်တယ်။ ပေါင်းခံဇကာတွေကို Stainless Steel နဲ့ လုပ်ထားလို့ သံချေးလွယ်လွယ်မတက်ဘူး။ ပေါင်းခံဇကာတွေက Non Stick ဖြစ်လို့ မုန့်တွေ မကပ်ဘူး။ လက်ကိုင်တွေက အပူလုံးဝ မကူးဘူး။

ဘာလို့ဝယ်သင့်လဲ

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ မုန့်မျိုးစုံ၊ ဟင်းလျာမျိုးစုံ ပေါင်းစားလို့ရတယ်။အဖုံးတွေက အကြည်ရောင်မို့လို့ ပေါင်းတဲ့အခါ အထဲကိုမြင်ရတယ်။ကျက်သွားရင် အော်တိုမီးပိတ်သွားလို့ စောင့်ကြည့်နေစရာမလိုဘူး။( 5 ) နာရီကြာတဲ့ထိ အပူကို ထိန်းထားပေးနိုင်လို့ စားစရာတွေ ခဏလေးနဲ့ အေးမသွားဘူး။လက်ကိုင်ကို လုံးဝအပူမကူးအောင် ဖန်တီးထားလို့ စိတ်ချလက်ချ ကိုင်လို့ရတယ်။မကပ်တဲ့ သတ္တုနဲ့လုပ်ထားလို့ မုန့်ကပ်မှာတွေကို စိတ်ပူစရာမလိုဘူး။ဆေးကြောသန့်ရှင်းရ လွယ်ကူတယ်။အပူထုတ်လွှတ်မှုကောင်းမွန်တဲ့ အိုးအောက်ဖက် ဒီဇိုင်းကြောင့် ရေရှည်သုံးလို့ရတယ်။

    ဘယ်သူတွေဝယ်သုံးသင့်လဲ

    • မိသားစု ဘော်ဒါတွေနဲ့ စုပြီး မုန့်လုပ်စားရတာ ကြိုက်တဲ့သူတွေ
    • မုန့်လုပ်ရတာ ဝါသနာပါတဲ့သူတွေ
    • မုန့်လုပ်ငန်းလုပ်ကိုင်သူတွေ
    • ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ချင်သူတွေ

    မေးလေ့ရှိသောမေးခွန်းအတွက်အဖြေများ

    • ဗို့အားက 220V ဖြစ်ပြီး ပါဝါဆွဲအားကတော့ 800W ရှိပါတယ်။

    • အဖုံးတွေက လျှပ်စစ်အပူဒဏ်ခံ PP ပလတ်စတစ်သားကို သုံးပြီး ပြုလုပ်ထားတယ်။

    • (360) ဒီဂရီလှည့်ပြီး ညီညီမျှမျှ အပူပေးနိုင်တယ်။

    • ပေါင်းခံဇကာက အပူဒဏ်ခံနိုင်ပြီး လုံးဝညှော်နံ့မထွက်ဘူး။

    • အလေးချိန်- 3.8 Kg

    • လူ ( 6 ) ယောက် ( 7 ) ယောက်စာ တစ်ပြိုင်နက်တည်း လုပ်စားလို့ရတယ်။

    • Size- 30*23*40 cm