ကုန်ပစ္စည်းဈေးနှုန်း
၁ခု၀ယ် | 38,500 ကျပ် |
၃ခု၀ယ် | 109,725 ကျပ် (5 % Discount) |
၅ခု၀ယ် | 173,250 ကျပ် (10 % Discount) |
ကုန်ပစ္စည်းအကြောင်း
နံရံမှာ အလွယ်တကူတပ်ဆင်ပြီး သုံးလို့ရတဲ့ ဆိုလာသုံးဆန်ဆာမီးသီး ဖြစ်ပါတယ်၊ 100% ဆိုလာပါဝါသုံးထားတယ်၊ LED မီးအမျိုးအစားဖြစ်တယ်၊ ABS ပလက်စတစ်အမျိုးအစားဖြစ်တယ်၊ ဘေးဘက် 360 ဒီဂရီ၊ အပေါ်အောက် 90 ဒီဂရီ ချိန်သုံးလို့ရတယ်၊ လူလာတဲ့အခါ အော်တိုမီးပွင့်တဲ့ ဆန်ဆာပါတယ်၊ ရေစိုခံ၊ မိုးစိုခံ၊ လေဒဏ် ခံနိုင်ပြီး ရာသီဥတုဒဏ် ကောင်းကောင်းခံနိုင်တယ်၊
မီးအလင်းရောင် Mode (3) မျိုးထိ ချိန်လို့ရတယ်
(၁) Mode 1
မီးပိတ်နေမှာ ဖြစ်ပြီးတော့ လူလာတဲ့အခါမှ အော်တိုမီးပွင့်မှာပါ၊ လူထွက်သွားပြီး စက္ကန့် (20) ကြာတဲ့အခါမှာတော့ မီးအော်တိုပြန်ပိတ်သွားမှာပါ
(၂) Mode 2
မှောင်လာတဲ့အခါ မီးအလင်းလင်းဖျော့ဖျော့လေး လာနေမှာဖြစ်ပြီးတော့ လူဖြတ်တဲ့အခါမှာတော့ မီးပိုလင်းသွားမှာပါ၊ လူထွက်သွားပြီး စက္ကန့် (20) ကြာတဲ့အခါမှာတော့ မီးပြန်မှိန်သွားမှာဖြစ်ပါတယ်
(၃) Mode 3
မှောင်တာနဲ့ ပါဝါခလုတ်မပိတ်မချင်း မီးဆက်တိုက် လာနေမှာ ဖြစ်ပါတယ်
🔷 တပ်ဆင်ပုံနဲ့ အသုံးပြုပုံ 🔷
📌 ကြိုးမဲ့ဖြစ်ပြီးတော့ နေရောင်တိုက်ရိုက်ရနိုင်တဲ့ နံရံအမြင့်ပေါ်မှာ တပ်ဆင်အသုံးပြုရမှာပါ
📌 အားပြည့်ဖို့အတွက် ပါဝါခလုတ်ဖွင့်ပြီး နေရောင်ထဲမှာ အနည်းဆုံး (8) နာရီကြာ ထားရပါမယ်
📌 အားပြည့်တဲ့အခါ ပါတဲ့ရီမုတ်နဲ့ ထားချင်တဲ့အလင်းပုံစံကို ပြောင်းပါ
📌 မှောင်လာတဲ့အခါ ကိုယ်ရွေးထားတဲ့ အလင်းပုံစံအတိုင်း စတင် အလုပ်လုပ်ပါလိမ့်မယ်
📌 တစ်ခါအားပြည့်ထားရင် 6-12 နာရီထိ အသုံးခံပါတယ်
ရောင်းချမည့်စျေးနှုန်း
ကုန်ပစ္စည်းထူးခြားချက်များ
100% ဆိုလာပါဝါသုံးထားတယ်၊ လူလာတဲ့အခါ အော်တိုမီးပွင့်တဲ့ ဆန်ဆာပါတယ်၊ ရာသီဥတုဒဏ် ကောင်းကောင်းခံနိုင်တယ်၊ မီးအလင်းရောင် Mode (3) မျိုးထိ ချိန်လို့ရတယ်
ဘာလို့ဝယ်သင့်လဲ
☀️ 100% ဆိုလာပါဝါသုံးတဲ့အတွက် မီတာလုံးဝမတက်ပါ
💡 မီးအလင်းရောင်ကို Mode (3) မျိုးထိ ပြောင်းလို့ရတယ်
🔁 ဘေးဘက် 360 ဒီဂရီ၊ အပေါ်အောက် 90 ဒီဂရီ ချိန်သုံးလို့ရတယ်
🔐 လူလာတဲ့အခါ မီးပွင့်တဲ့ဆန်ဆာပါလို့ လုံခြုံရေးအတွက်လည်း စိတ်ချရတယ်
☁️ ရေစိုခံ၊ မိုးစိုခံပြီး ရာသီဥတုဒဏ် ကောင်းကောင်းခံနိုင်တယ်
ဘယ်သူတွေဝယ်သုံးသင့်လဲ
အလင်းအားကောင်းကောင်းသုံးချင်ပြီး မီတာခမတက်ချင်တဲ့သူတွေ၊ ကိုယ့်အိမ်ကိုလုံခြုံရေးကို စိတ်ချချင်သူတွေ၊
မေးလေ့ရှိသောမေးခွန်းအတွက်အဖြေများ
မီးသီးအမျိုးအစား − LED
အားသွင်းပုံသွင်းနည်း − နေရောင်တိုက်ရိုက်ရသောနေရာတွင် အနည်းဆုံး (8) နာရီကြာ ထားရပါမယ်
အားခံချိန် − တစ်ခါအားပြည့်ထားရင် 6-12 နာရီထိ အသုံးခံပါတယ်
ပစ္စည်းအမျိုးအစား − ABS ပိုလီမာ ပလက်စတစ်သား