ကုန်ပစ္စည်းဈေးနှုန်း
| ၁ခု၀ယ် | 155,000ks | 
| ၂ခု၀ယ် | 
 294,500ks (5 % Discount , 15500 ကျပ် သက်သာသွားမှာပါ) | 
| ၃ခု၀ယ် | 
418,500ks (10 % Discount , 46500 ကျပ် သက်သာသွားမှာပါ) | 
| ၄ခု၀ယ် | 527,000ks (15 % Discount , 93000 ကျပ် သက်သာသွားမှာပါ) | 
ABOUT PRODUCT
ဒီလျှပ်စစ် လွှဖြတ်စက်လေးက ပေါ့ပါးပြီး ကျစ်လျစ်လို့ အပြင်ကို သယ်သွားလို့ရတဲ့အပြင် စက်သွားပေါ်မှာ အကာလေးလည်းပါလို့ လွှဖြတ်ရင်း မျက်လုံးထဲ အမှုန်ဝင်မှာ၊ ကိုယ့်ကို သစ်စတွေ လာစူးမှာကို ပူစရာမလိုတော့ဘူးနော်။
ဘာလို့ဝယ်သင့်လဲ
- အချင်း ၆ လက်မရှိတဲ့သစ်တုံးကိုဖြတ်ဖို့ ၄ စက္ကန့်ပဲကြာတယ်။
 - လက်တစ်ဖက်တည်းကိုင်ပြီးအသုံးပြုလို့ရလောက်အောင် ပေါ့ပါးတယ်။
 - သစ်စတွေလာစင်တာမျိုးမဖြစ်အောင် အကာ ထည့်ပေးထားတယ်။
 - Battery က ကိုအားသွင်းပြီးပြန်သုံးလို့ရတယ်။
 - အသုံးပြုဖို့အတွက် အင်ဂျင်ဆီထည့်ပေးစရာမလိုဘူး။
 - ကျစ်လျစ်ပေါ့ပါးလို့ ဘယ်သွားသွားသယ်သွားလို့အဆင်ပြေတယ်။
 - ပုံမှန်လွှဖြတ်စက်ကြီးတွေလိုအသံအရမ်းမကျယ်ဘူး။
 
ဘယ်သူတွေဝယ်သုံးသင့်လဲ
ပရိဘောဂ လုပ်ငန်းလုပ်ကိုင်သူတွေ၊ ခြံထဲမှာ သစ်ကိုင်းတွေ ရှုပ်နေလို့ ရှင်းချင်တဲ့သူတွေ၊ လက်သမားဆရာတွေ ဆောင်ထားသင့်ပါတယ်။

Product Specification:
| Brand | VONEU | 
| Power Source | Battery Powered | 
| Horsepower | 550 Watts | 
| Item Weight | 2.4 Pounds | 
| Batteries | 1 Lithium Ion batteries required. (included) | 
| Using time | 30minute | 
| Charging Time | 2hours | 
| Blade Length | 6 inches | 
| Battery Type | Lithium Ion | 
| Technology | German Technology | 
မေးလေ့ရှိသောမေးခွန်းအတွက်အဖြေများ
မေး : ဓါးသွားက ဘယ်နှလက်မရှိလဲ?
ဖြေ: ဓားသွား (၆)လက်မရှိပါတယ်။
မေး : ဓါးသွားချိန်းကြိုးကတုံးသွားရင် ဝယ်လို့ရလား
ဖြေ: ဓားသွားချိန်းကြိုး အပိုဝယ်လို့ရပါတယ်။ ဓားသွာချိန်းကြိုး အပိုတစ်ခုကို (5000) ကျပ်ပါ။
မေး : ဘက်ထရီကရောအပိုဝယ်လို့ရလား?
ဖြေ: ဘက်ထရီ အပိုဝယ်လို့ရပါတယ်။ ဘက်ထရီအပိုတစ်ခုကို (25000) ကျပ်ပါ။
မေး : ဘာအသားနဲ့လုပ်ထားတာလဲ?
ဖြေ: လက်ကိုင်က ကော်အမာသားဖြစ်ပြီးတော့ ဓားသွားက သံမဏိဖြစ်ပါတယ်။
မေး : အားသွင်းရင်ဘယ်လောက်ကြာကြာသွင်းရလဲ? တစ်ခါသွင်းပြီးရင်ရော ဘယ်လောက်ကြာကြာသုံးလို့ရလဲ?
ဖြေ: အားအပြည့် သွင်းဖို့ (၂) နာရီ ကြာပါတယ်။ တစ်ခါအားသွင်းပြီးရင် မိနစ် (၃၀) အထိ ဆက်တိုက် သုံးလို့ရပါတယ်။
မေး : ဘက်ထရီက ဘယ်လောက်ဗို့အားလဲ? mah ကရော?
ဖြေ: ဘက်ထရီ ဗို့အားက 21 V ဖြစ်ပြီးတော့ ဘက်ထရီ ဝင်ဆံ့အားက 2000mAh ဖြစ်ပါတယ်။
မေး : အားသွင်းကြိုးက ဘယ်လိုကြိုးမျိုးလဲ?
ဖြေ: အားသွင်းကြိုးခေါင်းက 2-pin အမျိုးအစားပါ။
မေး : ဘက်ထရီအားပြည့်/မပြည့် ဘယ်လိုသိနိုင်မလဲ?
ဖြေ: အားသွင်းကြိုးခေါင်းက အားသွင်းနေချိန်မှာ မီးအနီရောင် လင်းနေမှာဖြစ်ပြီးတော့ အားပြည့်သွားရင်တော့ မီးအစိမ်းရောင်လေး လင်းသွားပါလိမ့်မယ်။
မေး : watt ကရောဘယ်လောက် watt ရှိလဲ?
ဖြေ: Watt က 500 - 600 ကြား ရှိပါတယ်။
မေး : သစ်တုံးဘယ်လောက်အရွယ်အစားအထိဖြတ်လို့ရလဲ?
ဖြေ: အကြီးဆုံး (၆) လက်မ ပတ်လည်ရှိတဲ့ သစ်ကိုင်းတွေအထိ ဖြတ်လို့ရပါတယ်။
မေး : Packaging ဘူးထဲမှာဘာတွေပါမှာလဲ?
ဖြေ: ဘူးထဲမှာ ကြိုးမဲ့ လျှပ်စစ် လွှစက် ၊ ဘက်ထရီ ၊ အားသွင်းကြိုး ၊ လက်အိတ် ၊ အသုံးပြုနည်း လမ်းညွှန် စာရွက် ၊ ဆီထည့်တဲ့ ဘူးနဲ့ အဖြုတ်အတပ် လုပ်လို့ရတဲ့ ကိရိယာလေးတွေ ပါပါတယ်။
              
            
      
      
      
      
      






